မိုးကောင်းကင်အောက်မှာ၊ နေရောင်ခြည်နွေးနွေးအောက်မှာ... မြန်မာ့မြေဆီလွှာရဲ့ ကျေးဇူးကြောင့် အပင်လေးတွေ အသက်ဝင်လာခဲ့ပါတယ်။
တောင်သူလယ်သမားကြီးများရဲ့ စိတ်စေတနာအပြည့်နဲ့ ပြုစုပျိုးထောင်ပေးလိုက်တဲ့ အဲဒီ လတ်ဆတ်သန့်ရှင်းတဲ့ ကုန်ကြမ်းတွေကို Snacktial က တန်ဖိုးရှိရှိ အသုံးပြုထားသလို
ပြည်တွင်းထွက် ကုန်ကြမ်းများကိုသာ အဓိကထား ရွေးချယ်ခြင်းသည် Snacktial အတွက်တော့ လုပ်ငန်းတစ်ခုထက်ပိုပြီး... "မြေပြင်ရဲ့ ကျေးဇူးကို အသိအမှတ်ပြုခြင်း" တစ်ခုသာ ဖြစ်ပါတယ်။
သဘာဝရဲ့ လက်ဆောင်ဖြစ်တဲ့ သီးနှံများကို ပျိုးထောင်ပေးကြသူ တောင်သူလယ်သမားကြီးများရဲ့ စေတနာကို အလေးအနက်ထားပါတယ်။
ထို့အပြင် စားသုံးသူတိုင်း စိတ်အေးချမ်းသာစွာနဲ့ ချက်ပြုတ်နိုင်ဖို့အတွက်လည်း
အကောင်းမွန်ဆုံးသော ပြည်တွင်းဖြစ် အရည်အသွေးများကိုသာ ရွေးချယ်ထားပြီး "တောင်သူလယ်သမားနေ့" မှာ Snacktial မှ မြန်မာပြည်တစ်ဝန်းလုံးက တောင်သူလယ်သမားကြီးများအားလုံးကို ရင်ထဲကနေ အထူးပဲ ကျေးဇူးတင်မိပါတယ်။
သဘာဝရဲ့ အလှတရားတွေကို အရသာရှိရှိနဲ့ လက်ဆင့်ကမ်း မျှဝေနိုင်ဖို့အတွက်လည်း Snacktial အနေနဲ့ အမြဲတမ်း အပတ်တကုတ် ကြိုးစား အားထုတ် နေမှာပါ။
Snacktial — Make with care, Share with love. 🧡
"Under the vast sky and the gentle warmth of the sun, life blossoms through the nurturing gift of Myanmar’s soil. At Snacktial, we deeply cherish and utilize these fresh, pure ingredients that have been raised with the heartfelt dedication and goodwill of our farmers.
For Snacktial, prioritizing locally sourced ingredients is more than just business; it is a profound way of 'Recognizing the Gift of the Earth.'
We hold the deepest respect for the devotion of the farmers who nurture these crops—nature’s precious gifts. Furthermore, to ensure that every consumer can cook with total peace of mind, we select only the finest local quality. On this 'Farmers' Day,' Snacktial extends a heartfelt and special thank you to every farmer across Myanmar.
Snacktial will always strive with utmost dedication to share the beauty of nature through authentic and delicious flavors."
Comments
Post a Comment